***
သူငယ်ချင်းတို့ရေမင်္ဂလာပါဗျာ...
ကျွန်တော်တို့မြန်မာနိုင်ငံက လူငယ်တော်တော်များများက လက်ကိုင်ဖုန်းတွေကို
communication လုပ်ဖို့ဆိုတာထက် Fashion သဘောအဖြစ်ကိုင်ကြတာကပိုများတယ်ခင်ဗျ။
လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio,
Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို
ကျွန်တော် ဖတ်ဖူးတာစုပေါင်းပြီးပြန်လည်တင်ပြလိုက်ပါတယ်။
(၁) အရေးပေါ် အတွက် သုံးလို့ရတယ်ဗျ
keypad ကို locked
လုပ်ထားရင်တောင် လက်ကိုင်ဖုန်းတွေဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ
ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ်
ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို
နှိပ်လိုက်တာနဲ့လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ
ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့
နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိဘူးနော်။ ကမ္ဘာ့ နေရာအတော့်များများမှာတော့
အိုကေပါတယ်)
(၂) ဖွက်ထားတဲ့ အပို
ဘတ္ထရီ ရှိတယ်နော်
တော်တော်များများမသိသေးတဲ့အချက်ဖြစ်ပြီးတော့
အရမ်းလည်း အသုံးဝင်တဲ့အချက်ပါ။
ကိုယ့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။
လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးအခါမှာတော့
ဓာတ်အား ထက်ဝက်
ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ်
ကိုယ့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး
နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့ဗျာ။
၃) ကားထဲမှာ သော့တွေ
ကျန်ခဲ့ရင်လည်း သုံးလို့ရတယ်
ဒီဟာကတော့ အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ကားတွေအတွက်
ပြောတာပါ တနေ့… အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။
ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သူငယ်ချင်းတို့
ဘာလုပ်မလဲ ?။
1. လက်ကိုင်ဖုန်း တစ်လုံး
ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့
လက်ကိုင်ဖုန်းကို လက်ကိုင်ဖုန်းကနေ ခေါ်လိုက်ပါ။
2. တဖက်က ပြန်ထူးနေရင် ကိုယ့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ
ထားလိုက်ပါဦး။
3. နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး
နှိပ်ခိုင်းကြည့်ပါ။
ကားတံခါး ပွင့်သွားပါလိမ့်မယ်။
စမ်းကြည့်ရတာ
နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။
အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့
သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ လက်ကိုင်ဖုန်းကြောင့်ပါပဲ။
(၄) လက်ကိုင်ဖုန်းသာအခိုးခံရရင်လည်း ဖျက်ပစ်လို့ရတယ်ဗျ
ကိုယ့် လက်ကိုင်ဖုန်းရဲ့
နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ
လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ ကိုယ့်လက်ကိုင်ဖုန်း (handset) အတွက်
သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။
ကိုယ့်ဖုန်း ပျောက်သွားတဲ့တစ်နေ့၊ ဒါမှမဟုတ် သူခိုးလက်ပါသွားပြီး
အဖျောင်ခံရတဲ့တစ်နေ့ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို
ပြောပြ တိုင်တန်းလိုက်ပြီး ကိုယ့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ တိုင်တန်းနိုင်မယ် ဆိုရင် Sim card
ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ ကိုယ့်ဖုန်းရဲ့ 
ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူများတွေ မသိအောင်
ကာကွယ် နိုင်သလို ကိုယ့်အယောင် ဆောင်ပြီး များကို ကိုယ့်ဖုန်း နံပါတ်နဲ့
ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် …………….. ကိုယ် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ
ဖြစ်ခဲ့ရင်တော့ ကိုယ့်Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး ကိုယ်ဟာ
ဖုန်းနံပါတ်တွေကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ရင်တော့ ကိုယ့်
ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ နို့ပေမယ့်
ကိုယ့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်လို့တော့ မရနိုင်တော့ ပါဘူး။ ဒါကြောင့်
အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ်
ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက်
လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
(ဟဲဟဲ..တစ်ခုရှိတာက
မြန်မာ့ဆက်သွယ်ရေး ကချက်ချင်းပိတ်ပေးမပေးတော့မသိဘူးပေါ့)
ဒါတွေကတော့
ဖုန်းတွေအားလုံးအတွက်ပေါ့။ နောက်ပြီးတော့ အမျိုးအစားအလိုက် ဖုန်းတွေအတွက် သီးသန့်
ကုဒ်တွေရှိသေးတယ်ဗျ။ ကျွန်တော်တို့နိုင်ငံမှာ Nokia ဖုန်းတွေက
အသုံးအများဆုံးဆိုတော့ကာ Nokia ဖုန်း Code တွေလည်း ပြန်ဖော်ပြလိုက်တယ်နော်။
( Sony Ericsson ဖုန်းတွေမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဖုန်းတွေရဲ့  Code တွေကတော့
တစ်ခုနဲ့ တစ်ခု မတူပါဘူး။)
Nokia ဖုန်းဝယ်တော့မယ်ဆိုရင် လည်း ဒီ Code တွေစမ်းကြည့်နိုင်သလို
ဝယ်ပြီးတဲ့အခါလည်း ကိုယ့်ဖုန်း ဘယ်လိုဖြစ်နေမယ်ဆိုတာ Code ရိုက်ပြီး
ကြည့်လို့ရပါတယ်။ဆိုင်တွေကလည်း ဖုန်းရောင်းတဲ့အခါ ဖုန်းမှာပါတဲ့ Code
တွေကိုဖွင့်ပြပြီး ဖုန်းတွေဟာ ရေမရောကြောင်း (အဲလေ) စစ်စစ်ဖြစ်ကြောင်း ပြတတ်ပါတယ်။
ကဲ..ပြောနေတာကြာပါတယ်။
ဒီကုဒ်တွေက ဘာတွေလည်းဆိုတော့-
IMEI ( International
Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင် *#06# ကိုနှိပ်ပြီးကြည့်လို့ရတယ်။
နောက်ပြီး LCD display
ကိုပိုပြီး ရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် *#67705646#
ကိုနှိပ့်ပြီးကြည့်နိုင်ပါတယ်။
အသုံးပြုထားတဲ့
ဟန်းဆက်ရဲ့ဆော့ဖ်ဝဲ version ကိုကြည့်ချင်တယ်ဆိုရင် *#0000# ကိုနှိပ်ပြီး
ကြည့်နိုင်ပါတယ်။
Bluetooth device
တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *# 2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။
ဖုန်းရဲ့
ထုတ်လုပ်သည့်အချိန် ထုတ်လုပ်ခဲ့သည့် serial number နှင့် ဖုန်းကိုနောက်ဆုံး
ဘယ်အချိန်မှာပြုပြင်ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့် ဖုန်း life time ကို
သိရှိလိုပါက *#9270 2689# ကို ရိုက်နှိပ်နိုင်ပါတယ်။
မှတ်သားထားသော
ဖုန်းနံပါတ် များကို ဖျက်ချင်တယ်ဆိုရင်တော့ *#3925538# ကို နှိပ်ပြီးဖျက်နိုင်
ပါတယ်။
series 60 ဖုန်းတွေအ
တွက်ဆိုရင်တော့ *#7370925 538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ်နိုင်ပါတယ်။
ဒါပေမယ့် ဖုန်း ပြန်တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက် ရင်
ဖုန်းပြန်ပွင့်သွားမှာပါ။
Nokia ဖုန်းတွေအတွက် Code တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့်ဗျာ..
တစ်ခုပြောချင်တာက ဖုန်းတွေအကြောင်းသိပ် မကျွမ်းသူတွေအနေနဲ့ ဒါတွေကို သိပ်ပြီး
မကလိသင့်ပါဘူး။ ကိုယ်မသိတဲ့ Function တွေ ထဲလည်း ၀င်သွားနိုင်ပြီးတော့
အခန့်မသင့်ရင် ကွိုင်တက်ပြီး ဖုန်းဆေးခန်း ကိုပို့လိုက်ရပါလိမ့်မယ်။
ကဲ.. လောလောဆယ် ကျွန်တော်သိသလောက်ကတော့ ဒါပါပဲ ။ ထပ်ပြီးသိတာနဲ့ ထပ်ဖော်ပြပါ့မယ်။
ကိုရုပ်ဆိုးရေးသားသည်။
ဗဟုသုတရစေရန်အလို့ ဌာပြန်လည်ကူးယူဖော်ပြပါသည်။
ကျွန်တော်ကူညီသောအားဖြင့်ဒီကြော်ငြာလေးတွေနှိပ်ပေးပါ.......
လူအကြိုက်များဆုံးpostလေးတွေပါ
-
ဗေဒင်ဝါသနာအိုးတွေ အတွက်ပါ။android ဖုန်းတွေပေါ်မှာ ပိုက်ပိုက်မကုန်ပဲ ပိုက်ဆံမပေးရပဲ ဗေဒင်မေးလို့ ရပါပြီခင်ဗျာ။ အချစ်ရေး အိမ်ထောင်ရေး ငွေရေ...
-
ANDROID ဖုန်းတွေပေါ်မှာ DJ ပွတ်လို့ ရပါပြီ။27 SEPT နေ့ ကမှ Play store ပေါ်ကို တင်လိုက်တယ်ဗျာ။ လုံးဝအသစ်စက်စက်လေးပါ။ 4$ လောက်တော့ တန်တယ်နေ...
-
Android ဖုန်းတွေမှာ ဖေ့ ဘောက်ကိုဝင်ရောက်တဲ့ အခါ အင်တာနက်ကွန်နက်ရှင်နှေးလို့  စိတ်ညစ်နေလား ....? လွယ်လွယ်လေးပါခင်ဗျာ။မိမိတို့ ဖုန်းပေါ်မ...
-
သေချာကြည့်ပါ ... Software ကတော့ Password Generator ပါ.. ဒါက အမှန်တော့ Generator လေးတစ်ခုပါ.. ဒါပေမယ့် ဗျာ.သုံးတတ်ရင်တော့ေ၇ွှပေါ့.. ကျွန်...
-
အခုချိန်မှာ Mobile ဖုန်းတစ်လုံးကို အမျိုးစုံလုပ်လို့ရအောင် developer တွေက application တွေကိုရေးပြီး ပုံစံမျိုးစံနဲ့ ဖန်တီးအသက်သွင်းနေ...
-
Free Myanmar Browser Version 1.4 ထွက်ပြီ .. Free Myanmar Browser Version 1.4 ကို Google Play Store မှာ Publish လုပ်ပြီးပါပြီ .. Bug...
-
သူငယ်ချင်းများအားလုံးမင်္ဂလာပါ။ကျနော်တို့တွေခရီးသွားတဲ့အခါဖုန်းအားကုန်တာမျိုးတွေကြုံဖူးကြပါလိမ့်မယ်။လမ်းပေါ်ရောက်နေလို့အားသွင်းလို့ကလဲမဖြစ်...
-
ဘော်ဒါတွေအတွက် မြန်မာ တယ်လီပို့ကနေ တင်ထားတဲ့ ၀ဘ်ဆိုဒ်လေးပါ။ ဖုန်းနံပါတ်သိယုံနဲ့ အိမ်နံပါတ်ပါ သိလို့ရအောင် ထင်ထားပေးတာပါ။ ဒီကနေ ၀င်လိ...
-
Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လု...
-
မသိသေးတဲ့ဘော်ဒါတွေအတွက် ဒီနေ့ခေတ်မှာ လူကြီးလူငယ် တော်တော်များများရဲ့ လက်ထဲ ဖုန်းတွေကတော့ ရှိနေကြပါပြီ ....။ မြန်မာ့ဆက်သွယ်ရေ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment